ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၂၄-၆-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၇--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းဖြူ (၁၀၀၀/-)၊  နှမ်းနီ(၂၀၀၀/-)၊ နှမ်းညိုကြား(၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ  အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၀၀ မှ ၃၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၇--၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၅၀၀/-)၊ ကုလားပဲ (HL) (၁၀၀၀/-)၊ ပဲစဉ်းငုံ(သစ်) (၁၀၀၀/-)၊ပဲစဉ်းငုံ  (ဟောင်း)(၁၀၀၀/-)၊ မတ်ပဲ  (၁၅၀၀/)၊ စားတော်ပဲ(၂၅၀၀/-)  ကျပ် စျေးတက်ပြီး ပဲထောပတ် (၁၃၀၀/-)  စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ  အပြောင်းအလဲ    မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၇--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက   မြေပဲ လုံးဆံနီ (လိုင်း)(၅၀/-) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)စျေးတက်ကာ ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၇..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၃၀/-)စျေးတက်ပြီး  နှမ်းဆီ(၂၀၀/-)စျေးကျကာ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။